အခန်း ( ၁ )
အမှောင်ထု… ပိန်းပိတ်အောင် မှောင်နေသော အမှောင်ထု….
ကြည့်လေရာအရပ်တွင် မြင်မြင်သမျှ မည်းမှောင်နေသည်ကလွဲ၍ သူဘာကိုမှ မမြင်ရ။
မှောင်မည်းလွန်းလှသော ပတ်ဝန်းကျင်သည် တစ်ဆိတ် တိတ်ဆိတ်လွန်းလှသည်ထင့်။
လေတိုးသံသဲ့သဲ့မျှကိုပင်မကြားရ။ ထူးဆန်းပေစွ။ ထိုအမှောင်ထုထဲတွင်ပင်
ဦးတည်ရာမဲ့ သူဆက်လျှောက်နေမိသည်။ မည်သည့်အရေးကြောင့် မည်သည့်အရပ်ကို
သူဆက်လျှောက် နေမိသည်မသိ၊ သိချင်စိတ်လည်းမရှိပေ။
လေဟာနယ်ထဲတွင်မျောပါနေသကဲ့သို့  ခံစားရသည်မှအပ မည်သို့ မျှ မခံစားရ။
အလင်းတစ်ခုခုရှိသောအရပ်ကိုတော့ မသိစိတ်ကဖွေရှာနေကြောင်း သတိထားမိသည်။
အမှောင်ထုက မည်သို့ လွန်မြောက်နိုင်မည်နည်း။ရုတ်တရက်…
ရုတ်တရက်ဆိုသလို ၀င်လာသော မီးအလင်းရောင်သည် မတန်တဆထိန်ညီးနေသည်။
အမှောင်ထဲမှ အလင်းကို ရုတ်တရက်မြင်လိုက်ရသလို တဒင်္ဂေ၀၀ါးသွားပြီးနောက်
မြင်ကွင်းသည် တဖြေးဖြေးပီပြင်လာသည်။ယာယီတဲတစ်စု၊ အတန်ပင်ခန်းနားသော ပင်မ
ယာယီတဲကြီးတစ်ခုကို အနည်းငယ်သေးသော တဲလေးအချို့ က ၀န်းရံထားသယောင်ရှိသည်။
ယာယီတဲကြီးကို ဗဟိုပြု၍ သုံးပွင့်ဆိုင်တည်နေသော ယာယီတဲလေးများ
အလယ်လွင်ပြင်ငယ်တွင် မီးပုံတစ်ခုကိုသူမြင်နေရ၏။ ဘေးပါတ်ပါတ်လည်တွင်မတော့
သစ်ပင်များ အတန်ပင်အုံ့ ဆိုင်းလျက်ရှိသည်။တောနက်နက် တစ်နေရာသို့ 
သူရောက်နေခြင်းပေလော။ မည်သို့ မည်ပုံ ရောက်လာသည်ကိုတော့သူ မရှင်းလင်းလှပေ။
အနည်းငယ်ေ၀၀ါးသော အတွေးတို့ နှင့် မျောပါသွားစဉ် စောင်းသံသဲ့သဲ့ကို
သူကြားလိုက်ရသည်။ အခါတော်ပေး စောင်းသံများကဲ့သို့  မမြိုင်လှသော်လည်း
အတန်ပင် ငြိမ့်ငြောင်းလှသည်။စောင်းသံလာရာအရပ်ကို စူးစမ်းရင်း
လွင်ပြင်ငယ်တွင်ရှိနေသော မီးဖိုဆီသို့ သူ စိတ်ပြန်ရောက်သွားသည်။ ထိုမီးပုံ
နံဘေးတွင် လူတစ်ချို့ ရှိနေ၏။ ထိုင်သူက ထိုင်၍ ထသူကထလျက်။ တစ်ချို့ က
လှံရှည်များကို ကိုင်ဆောင်ထားကြပြီး မီးပုံနှင့် အနည်းငယ်လှမ်းသော
ဝါးရုံတောများနံဘေးတွင် မတ်မတ်ရပ်ကာ ရှိနေကြသည်။ ကင်းစောင့်များဖြစ်တန်ရာ၏။
ဆောင်းသံရှင်ကား မီးဖိုနှင့် အနီးဆုံးအရပ်ရှိ သစ်တုံးတိုတစ်ခုပေါ်တွင်
ထိုင်လျက် ဆောင်းကို အကျအနတီးခတ်နေလေသည်။ ထိုသူများကို ကြည့်ရသည်မှာ
ရွှေနန်းတော်ရှိ နန်းခစားတို့ နှင့် တူသယောင်ရှိသည်။ သို့ သော် မသေချာလှပေ။
အများစုမှာ ယောင်္ကျားသားများဖြစ်ပြီး မီးပုံနှင့် မလှမ်းမကမ်းတွင်တော့
မိန်းမငယ်တစ်ချို့ က သစ်သားပလ္လင်တစ်ခုကိုဝန်းရံလျက် ပဆစ်တုတ် အနေအထားနှင့်
ထိုင်နေကြလေသည်။ ထို သစ်သားပလ္လင်ပေါ်တွင် မိန်းမပျို တစ်ယောက်
ပျော့ပျောင်းစွာ ထိုင်လျက်ရှိ၏။ ပိုးသားကဲ့သို့ နူးညံ့ပြီး၊
အဖိုးအနဂ္ဂထိုက်သော ကျောက်မျက်တစ်ခုကဲ့သို့  လှပသော သူမ၏ အသားအရေသည်
မီးပုံမှထင်ဟပ်သော အလင်းနှင့် ပေါင်းစပ်ကာ ရွှေဝါရောင်သန်း၍ အတော်ပင်
ရှုချင်စဖွယ် တင့်တယ်နေလေသည်။ ပိုးသားအဖြူရောင် ထိုင်မသိမ်းနှင့်
ပုခုံးထက်မှ ပြေလျော့ကျနေသော ပုဝါပါးလေးက ရှိပြီးသားသူမအလှကို
ဝိုင်းဝန်းပံ့ပိုးနေသယောင်ယောင်။ ငြိမ့်ငြောင်းသာယာသော စောင်းသံနှင့်အတူ
သူမသည်လည်းမျောပါနေဟန်ရှိသည်။ ထိုမြင်ကွင်းကိုငေးကြည့်ရင်း စောင်းသံသည်
အနည်းငယ်ကျယ်လောင်လာသလို သူခံစားမိနေသည်။ စိတ်ထင်၍ထင့်။ ရွှေနန်းတော်တွင်
ကြားနေကျ နန်းတွင်းစောင်းသံများကဲ့သို့ ပင်
နားထောင်၍ကောင်းလှကြောင်းကိုတော့သူ ၀န်ခံရပေမည်။ စောင်းသံကို
အာရုံစိုက်ထားသော်သော ပုံမှန်မဟုတ်သော လေတိုးသံတစ်ခုကို
ရုတ်တရက်သူကြားလိုက်မိသည်။ “၀ှစ်”…”ဘုန်း”… “အား”
အမှောင်ထုလွှမ်းထားသော တောအုပ်အတွင်းမှ ရုတ်ချည်း ၀င်ရောက်လာသော မျှားတံသည်
စောင်းသမား၏ ၀ဲဘက်နားထင်မှတစ်ဆင့် ထုတ်ချင်းပေါက် ၀င်ရောက်သွားတော့သည်။
နာကျင်ခြင်းကိုပင် ကောင်းစွာသိရှိသွားဟန်မပေါ်ဘဲ ထိုင်လျက်သားလဲပြို
ကျသွားပြီး မီးပုံအတွင်းသို့ ............................ "အားးးးး"
မွန်းကြပ်ပိတ်လှောင်လှ သော ခံစားချက်များနှင့် အထိတ်တလန့် 
နိုးထလာပြီးနောက် ဘေးတွင် အရံသင့်ရှိသော လက်စွဲတော်ဓါးကို
ချက်ချင်းစမ်းမိလျက်သား။ အသက်ကို ခပ်ပြင်းပြင်းရှုထုတ်ရင်း ဒီပ
မောဟိုက်လာသည်။ မက်ပြန်ပြီ။ သည်အိမ်မက်ဆိုးကြီးကို ထပ်ကာထပ်ကာ
မက်နေတတ်သည်မှာ တက္ကသီလာမှ ပြန်လည် ထွက်ခွါလာကတည်းက ယခုတိုင်အောင်
ကာလတစ်ခုပင်ကြာမြင့်ခဲ့ပြီ။ မက်လိုက်လျှင်လည်း တစ်ပုံစံတည်း၊ တစ်ထေရာတည်း
မက်တတ်ပြီး၊ အမြဲတမ်း အထိတ်တလန့် ရှိလှသည်။ တကယ်ဆို မင်းတို့ တတ်အပ်သော
ပညာရပ်များကို ဆည်းပူးပြီးနောက် သောမနဒီ ရွှေနန်းတော်သို့ 
ဒီပပြန်လာခြဲ့ခင်းဖြစ်သည်။ နှစ်အတန်ကြာ ခွဲခွါခဲ့သောမိခင်တိုင်းပြည်တွင်
ခမည်းတော်နှင့် တကွ တိုင်းသူပြည်သားတို့  သာယာစွာ ရှိကြပါ၏လော။
စိုးရိမ်စိတ် တစ်ဝက်၊ မရေရာသော အိမ်မက်အတွေးတစ်ပိုင်းတစ်စတို့ နှင့် 
ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းလိုက်သည်။ သစ်ပင်၊သစ်ရွက်များကြားမှ
ဖြာကျနေသော လရောင်၊ လေတိုးသံတစ်ချို့ ၊ ညည့်ငှက်တစ်ချို့ ၏ ညည်းသံတစ်ချို
့မှအပ အရာရာသည် ပုံမှန်အတိုင်း။ အနဲငယ် စိတ်သက်သာရာ ရသွားပြီးနောက်
မျက်လုံးများပြန်မှိတ်ထားလိုက်သည်။ ကောင်းစွာ အိပ်စက်အနားယူဖို
့လိုအပ်သည်မဟုတ်လား။ မနက်တွင်လည်း ခရီးဆက်ရပေဦးမည်။
တက္ကသီလာမှ ရွှေနန်းတော်သို့ ပြန်လည်ထွက်ခွါလာသည်မှာလအနည်းငယ်ကြာခဲ့ပြီ။
တက်သစ်စ နေ၀န်းရဲ့ အလင်းပြောက်များကြားတွင်
ခင်တန်းငယ်တစ်ခုကိုရေးရေးမြင်နေရသည်။ သောမနဒီတိုင်းပြည်နယ်နိမိတ်သို့ 
ရောက်ရန် မဝေးလှတော့။ အိပ်စက်အနားယူလိုက်ရ၍ ခရီးပန်းထားသမျှ အနည်းငယ်
ပြေပျောက်သွားသလိုရှိသည်။ ထမင်းလုံးခြောက်တစ်ချို့ ကို ၀ါးလိုက်ရင်း
စိမ်းစိုနေသည့် ခင်တန်းငယ်ကို သူ ကျေနပ်စွာကြည့်လိုက်မိ၏။ ရွှေနန်းတော်သို
့ပြန်ရောက်ပြီးလျှင် သည်တော၊သည်တောင်၊ သည်နယ်နိမိတ်တို့ ကို
မိမိအပိုင်စိုးရမည်မဟုတ်လား၊ သောမနဒီ ရွှေနန်းနှင့်တကွ
အရောင်အသွေးစုံပန်းတို့ ပွင့်ကုန်သော၊ ငြိမ်းချမ်းအေးမြသည့်လေပြေတို
့တိုက်ခတ်တတ်သော သည်အရပ်ဒေသသည် အိမ်ရှေ့ ဥပရာဇာ ဒီပ၏ စီမံကွပ်ကဲမှုအောက်တွင်
တည်ကြရတော့မည်။ နန်းတက်ပွဲသဘင်ကို ခမ်းနားစွာဆင်ယင်ရင်း နန်းပုလ္လင်ထက်တွင်
စံစားရတော့မည်။ သောမနဒီ တိုင်းသူပြည်သားတို့ ကို တင်းကြပ်သည့်
စည်းမျဉ်း၊စည်းကမ်းများချမှတ်ပေးပြီး ဖခမည်းတော်လက်ထက် ထက်ဖွံ
့ဖြိုးဝေစည်သော တိုင်းပြည်တစ်ခုဖြစ်စေမည်။ စစ်လက်နက်ဗိုလ်ပါ အင်အား တိုးချဲ
့၍ အစိတ်စိတ်တည်နေသော ခုနှစ်ပြည်ထောင် တိုင်းတို့ ကို သိမ်းယူရမည်။
မိမိအတွေးများထဲတွင် သောမနဒီသည် အင်အားကြီးတိုင်းပြည်တစ်ခု၊
ဖွံဖြိုးဝေစည်သော တိုင်းပြည်တစ်ခု။ အရသာရှိလှသည်။
သူကျေနပ်စွာပြုံးလိုက်ရင်း ဘေးတွင်အရံသင့်မှေးထောင်ထားသည့် လက်စွဲတော်
ဓားကိုလှမ်းယူလိုက်တော့သည်။ စီးတော်မြင်းနှင့်အတူ ခရီးကြမ်းတစ်ခုကို
သူဆက်ရဦးမည် မဟုတ်ပါလား။တောသည် နက်သထက်နက်လာနေသည်။
ပိုးကောင်ငယ်များတစ်စီစီအော်သံ၊ သစ်ကိုင်းချင်းရိုက်ခတ်သံတို့ က
တစ်ချက်ချက်တိုးကာကြားရသလို တစ်ချက်ချက်တွင်လည်း ပကတိတိတ်ဆိတ်နေပြန်သည်။
လျိုမြောင်ချောက်ကမ်းပါးတို့ ပေါရာအရပ်ဖြစ်သည့်အားလျှော်စွာ တောင်ကျရေသံ၊
လှိုဏ်သံတို့ က ဟိုးခပ်မှိုင်းမှိုင်းဆီက ထွက်လာတတ်သေးသည်။ သောမနဒီ တိုင်းပြည်
နယ်နိမိတ်နှင့်နီးကပ်လာကြောင်းကို သစ်ပင်ကြီးများဘေးတွင်တွေ့ ရတတ်သော
ယာယီတဲများ၊ မုဆိုးလင့်စင်များက သက်သေထူလျက်ရှိ၏။ ရွာဇနပုဒ်နေ
တောသူ၊တောင်သားတို့ တွင်
အမဲလိုက်ခြင်းဖြင့်အသက်မွေးသူများ၊တောင်ယာစိုက်ခင်းလုပ်ကိုင် ကြသူများ
များပြားလှသည်။ ဆေးဥ၊ဆေးမြစ်တူးသူ အရေအတွက်တော့ အနည်းငယ်
လျော့နည်းနိုင်ပေမည်။ အတွေးများနှင့်ခရီးဆက်လာရင်း
ပါတ်ဝန်းကျင်ကိုတဒင်္ဂမေ့လျော့သွားမိစဉ်ဝှစ်….ဒုတ်အဟည်းဟည်းဟည်းးးးးး
လေတိုးသံတစ်ခုကို ကြားလိုက်၍ သတိထားလိုက်ပါသော်လည်း နောက်ကျသွားချေပြီ။
လေအဟုန်နှင့်အတူ ပါလာသော မြှားတံသည် စီးတော်မြင်း၏ လည်တံကို
ထုတ်ချင်းပေါက်ဝင်ရောက်သွားသည်။ နာကျင်စွာ တဟည်းဟည်း အော်ညည်းရင်း
တုံးခနဲရပ်၊ ဘိုင်းခနဲလဲတော့မည့် မြင်းပေါ်တွင် ဒီပ ဟန်ချက်ပျက်သွားသည်။
ချက်ချင်းဆိုသလို မြင်းကျော်ရိုးအား ခြေနှင့်တစ်ချက်ဆတ်ကန်လိုက်ပြီး
နီးစပ်ရာ မြက်ခင်းပေါ်သို့  ကျွမ်းထိုးခုန်ချလိုက်ရသည်။ လျင်မြန်သောအဟုန်၊
သန်မာထွားကျိုင်းသောခန္ဓာကိုယ်တို့ က မြေကြီးပေါ်ရောက်လျှင်
ရောက်ချင်းဆိုသလို ဓါးကို ဆွဲထုတ်ပြီးသား၊ အရံသင့်တိုက်ခိုက်ရန်အနေအထားအား
ချက်ချင်းရယူပြီးဖြစ်သွားသည်။ အဘယ်သူလဲ။ မည်သို့ သော သူမျိုးက သောမနဒီ၏
အိမ်ရှေ့ ဥပရာဇာကို နှောက်ယှက်ရဲသည်လဲ။ ပိုဆိုးသည်က မိမိ၏
ရောင်းရင်းဆိုလည်းဟုတ်၊ ခရီးသွားဖော်လည်းဟုတ်သည့် စီးတော်မြင်းကို
ချောင်းမြောင်းလုပ်ကြံခြင်းပင်။ အတင့်ရဲလှချည့်။ ရှုပ်ထွေးသွားသည့်
စိတ်အစဉ်ကို အမြန်ပြန်စုရင်း မြှား၏လားရာကိုကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းကုန်းကမူပေါ်တွင် ယာယီတဲတစ်ခု၊ သစ်ငုတ်တိုတစ်ခု၊ ထို
သစ်ငုတ်တို၏ဘေးတွင်ရပ်နေသော လူတစ်ယောက်။
အနည်းငယ်လှမ်းသောအနေအထားဖြစ်သည့်အားလျော်စွာ လက်ထဲတွင် လေးနှင့်မြှားကို
ကိုင်ထားသည်မှလွဲ၍ သဲသဲကွဲကွဲမမြင်ရ။ မုဆိုးတစ်ယောက်ပဲဖြစ်ရမည်။ သည်အချိန်
သည်နေရာ၊ သည်လို တောနက်ထဲတွင် ယာယီတဲထိုးထားသည်ဆိုကတည်းက မုဆိုးတစ်ယောက်ပင်
သေချာပေါက်ဖြစ်ရမည်။ နုပျိုသော အိမ်ရှေ့ စံတစ်ယောက်၏ ရာဇသွေး၊ရာဇမာန်တို
့က အသွေးထဲအသားထဲက ဆူဝေတက်လာသည်။ ထောင်းကနဲထွက်လာသော ရာဇမာန်တို့ နှင့်အတူ
ထိုသူရှိရာ ကုန်းကမူပေါ်သို လက်စွဲတော်ဓါးကို ကျစ်နေအောင်ဆုပ်ကိုင်ရင်း
ပြေးတက်သွားလိုက်သည်။ မိမိလှုပ်ရှားမှုကိုစတင်လိုက်သည်နှင့် ထိုငမိုက်သားက
မြှားများတစ်စင်းပြီးတစ်စင်းပစ်လွှတ်တော့သည်။ မိုက်မဲလှပေစွ။
သေရပေမည်။သည်လို ငမိုက်သားသည် သေရမည်မှလွဲ မည်သို့ သော
အခွင့်အရေးမျိုးမှမရစေရ။ မြှားတံများကို ရှောင်တိမ်းရင်း
တဖြေးဖြေးမြင်ကွင်းတွင်ပေါ်လာသော ထို ငမိုက်သား၏ပုံစံသည်
အနည်းငယ်ထူးခြားနေသယောင်ရှိသည်။ မြှားတံများထပ်ထွက်မလာတော့၊
တစ်ချောင်းတစ်လေမျှပင်ကျန်တော့သည့်ပုံမပေါ်ချေ။ အနီးကပ်ရှင်းလင်းစွာ မြင်တွေ
့လိုက်ရသော ထိုငမိုက်သားသည် ပုံမှန်ထက်ပို၍ ပိန်လှီလွန်းနေသည်။ အသားအရေတို
့မွဲခြောက်ကာ အရိုးပေါ်အရေတင် ခန္ဓာကိုယ်နှင့် မျက်တွင်းဟောက်ပက်
ဖြစ်နေပုံမှာ လူနှင့်ပင်မတူတော့။ ပို၍ထူးခြားသည်က
မြှားတံမကျန်ရှိတော့သော်လည်း လေးညှို့ ကို ထပ်ကာထပ်ကာဆွဲတင်ရင်း
မြှားပစ်နေသည့်ဟန်ကို အဆက်မပျက်ပြုနေသေးသည်။ အသိဥာဏ်မှရှိပါသေးစ။
အနားရောက်သည်နှင့်တစ်ချက်တည်းလွှဲခုတ်ရန် ဟန်ပြင်လိုက်သော လက်တို့  စက္ကန်
့ပိုင်းမျှတုံဆိုင်းတွေဝေသွားသည်။ အဘယ်အကြောင်းများကြောင့်ပါလိမ့်။ လေးညှို
့ဟန်ကိုသာ ဆက်ကာဆက်ကာပြုနေသော ထိုငမိုက်သားသည် မြင်ကွင်းအတွင်း
ရှင်းလင်းစွာဝင်လာသော ဒီပကိုတွေ့ သည်နှင့် အသားတစ်ကိုမြင်သည့်စွန်ရဲပမာ
စတင်တိုက်ခိုက်တော့သည်။ ကြောင်တောင်လှသော မျက်လုံးသေကြီးများနှင်
့ကြည့်လိုက်ရင်း လေးနှင့်မြှားကို ပစ်ချကာ စူးစူးဝါးဝါးအော်ဟစ်
ကုတ်ဖဲ့တော့သည်။ တွေဝေမှုနှင့်အတူ ပျက်သွားသော ဟန်ချက်ကို ပြန်ထိမ်းရင်း ဒီပ
အလျင်အမြန်ရှောင်တိမ်းလိုက်ရသည်။ သူ့ အရှိန်နှင့်သူလွန်သွားရင်း
လှည့်ထွက်လာသောဒီပဘက်သို့ တစ်ဟုန် တိုး ပြေးဝင်လာပြန်သည်။ လူသေတစ်ကောင်လို
အသားအရေများနှင့်ကမူးရှုးတိုး စွတ်ဝင်လာပြန်သော ငမိုက်သားကို
လက်စွဲတော်ဓါးနှင့် ပိုင်းချလိုက်သည်။ “အလို….” ထူးဆန်းလွန်းလှပေစွ။
မိမိ၏ဓါးချက်ထိသွားသော ငမိုက်သားက လဲပြိုကျသွားရမည့်အစား စာပေလိပ်တို့ ကို
မီးရှို့ လိုက်သကဲ့သို့  ပြာမှုန်များအဖြစ်ပြောင်းလဲ လွင့်စင်သွားကြသည်။