“BurmaBlood” is a VS Fighting game with a side-scrolling fighting gameplay system. In this game, players can expect brand new character concepts which are influenced by Burmese historical and mythological backgrounds. Not only that, futuristic or sci fi characters and multicultural characters from various countries will be added with different unique fighting styles. We will announce the release date of “BurmaBlood” by late of 2018.
“မြန်မာ့သွေး” လို့ အမည်ရတဲ့ ဒီဂိမ်းမှာတော့ ကစားသူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ဆော့ကစားရမှာပါ။ ဒီဂိမ်းမှာပါဝင်မဲ့ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်းကို မြန်မာ့သမိုင်း၊ ရာဇ၀င်၊ပုံပြင်တွေနောက်ခံထားပြီး မြန်မာ့မှု၊မြန်မာ့ဟန်တွေပါဝင်နိုင်ဖို့  သေချာအချိန်ယူပြင်ဆင်နေကြပါတယ်။ ဒါ့အပြင်၊ နိုင်ငံပေါင်းစုံ၊ယဉ်ကျေးမှုပေါင်းစုံက ဇာတ်ကောင်တွေ၊ အနာဂါတ်ရဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေများစွာကိုလည်း ထည့်သွင်း ဖန်တီးထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဇာတ်ကောင်များစွာဖန်တီးပြီးစီးထားပြီး၊ ကစားသူများ error ကင်းကင်းနဲ့  ပေါ့ပေါ့ပါးပါး ဂုဏ်ယူဆော့ကစားနိုင်ဖို့  Team Puppeteer တစ်ဖွဲ့ လုံးက ကြိုးစားဖန်တီးနေကြပါတယ်။ “မြန်မာသွေ့း” ဂိမ်းထွက်ရှိမဲ့ရက်ကိုတော့ ၂၀၁၈ နှောင်းပိုင်းလောက်မှာ ကြေငြာပေးသွားမှာပါ။ မြန်မာတွေဂုဏ်ယူနိုင်မဲ့ အဆင့်အတန်းမှီဂိမ်းတွေကို အစဉ်တစိုက်ကြိုးစားဖန်တီးသွားကြမှာဖြစ်ပါတယ်။