Woody Carts

Woody Carts

မြန်မာ့ရိုးရာကစားစရာလေးတွေထဲက သစ်သားနဲ့ လုပ်ထားတဲ့ ကားလေးတွေကို Mobile Game အနေနဲ့ ဆော့ကစားနိုင်ဖို့  Studio Puppeteer က ကြိုးစားဖန်တီးနေကြပါတယ် ရောင်းရင်းတို့ …..။ ခရီးထွက်တဲ့အခါ အိမ်ပြန်လက်ဆောင်အဖြစ် ၀ယ်လေ့ရှိတဲ့ သစ်သားထည် လက်မှုကားအရုပ်လေးတွေကို အပြိုင်မောင်းရင်းဆော့ကစားနိုင်မဲ့ ဒီဂိမ်းလေးကို “Woody Carts” လို့ အမည်ပေးထားပါတယ်။ ရိုးရာယဉ်ကျေးမှုတွေကို နည်းပညာနဲ့ ပေါင်းဆက်ပြီး အကောင်းဆုံးဂိမ်းတွေ အစဉ်တစိုက်ဖန်တီးပေးသွားမှာဖြစ်လို့ ၊ ဆက်လက်ထွက်ရှိလာမဲ့ Game အသစ်တွေကိုလည်း စောင့်မျှော်အားပေးကြပါဦး။